သင်ရိုးညွှန်းတမ်း

WIN Jls သင်ရိုးညွှန်းတမ်း

   Course Name Period Contents
N5 Basic course   အ‌ခြေခံမှစ၍သင်ကြားမည့်သူများအတွက် course ဖြစ်ပြီး hiragana မှစတင်‌လေ့လာကာ N5 exam ဖြေဆိုနိုင်သည်အထိ သဒ္ဒါ နင့် ‌ဝေါဟာရများကိုသင်ယူရမည်ဖြစ်သည်။
Basic Conversation Course   N5 တွင်သင်ယူခဲ့ပြီးသည့် အ‌ခြေခံတို့ကို ပြန်လည်အသုံးပြုကာ စကား‌ပြောကို‌လေ့လာရပါမည်။ စကား‌ပြောကို လေ့လာလေ့ကျင့်ခြင်းဖြင့် သင်ယူထား‌သောာ grammar များကိုကေင်းမွန်သေချာစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
N4 Intermediate course   N4 စာ‌မေးပွဲအတွက် grammar, vocalbulary, kanji တို့ကို‌လေ့လာသင်ယူရမည်။ ဤcourse တွင် သင်ကြားမည့်ဆရာနှင့်‌ ကောင်းမွန်စွာ စကားပြောဆိုနိုင်ပြီး ဂျပန်စာဆက်လက် သင်ယူရန် ပို၍စိတ်ဝင်စားလာမည်ဖြစ်သည်။
Intermediate Course  Conversation   Intermediate level တွင် JLPT exam ကိုအောင်မြင်နိုင်ရန်ရည်ရွယ်၍ လေ့လာသင်ယူရမည်ဖြစ်သည်။ Conversation တွင်ဂျပန်လူမျိုးများနှင့်စကားပြောနိုင်အောင်လေ့ကျင့်ရမည်။
PreN3 ②Practice   Intermediate level ထက်ပို၍ grammar ကို‌လေ့လာရမည်။ စာမေးပွဲမတိုင်မီ ပြန်လည်လေ့လာရာတွင် မိမိကိုယ်တိုင်‌ ပြောချင်သည့်အရာများကို ချရေး၍ ပို၍မှတ်မိနိုင်ပြီး grammarများပို၍ ကောင်းမွန်‌သေချာလေ့လာသင်ယူ နိုင်မည်ဖြစ်သည်။
Pre N3
①(Old pre-advance)
  N4 နှင့် N3 level ကြားတွင် grammar တစ်ခုတည်းသာမက စကားပြော၊ ခန်းဂျီး အပြင် ဂျပန်နိုင်ငံ၏ဓလေ့ထုံးတမ်း အစဉ်အလာများကိုပါ‌ လေ့လာရမည်။ N3 level ကိုတိုးတက်‌စေရန်နှင့် ဂျပန်တွင် အသုံးပြုနိုင်ရန်အတွက် အ‌ရေးကြီးသော course ဖြစ်သည်။
N3 N3 course      တစ်နှစ်အတွင်း JLPT ကို‌သေချာပေါက် အောင်မြင်နိုင်ရန်အတွက် ‌လေ့လာရမည်ဖြစ်သည်။
1) Grammar and Vocabulary   N3 level မှာရှိတဲ့ အခြေခံ grammar များကို‌သင်ယူခြင်းဖြင့် စကား‌လုံးဝေါဟာရများတိုးပွားလာအောင် လေ့လာရမည်ဖြစ်သည်။
2)Grammar and
Reading comprehension
  JLPT စာ‌မေးပွဲတွင် reading သည်အခက်အခဲရှိမည် ဖြစ်သောကြောင့် grammarများကို လေ့လာနေရင်းဖြင့် စာပိုဒ်များကိုဖတ်ကာ reading ကိုလေ့ကျင့်ရမည်ဖြစ်သည်။
3)Reading and Listening
comprehension (writing)
  လေ့လာခဲ့ပြီသော grammar များကို ပြန်လည်ဖတ်ခြင်းအားဖြင့် အမှန်တကယ် နားလည်သည်များကို ပိုမိုတိကျစွာ သိရှိနိုင်မည်ဖြစ်သည်။ စာ‌မေးပွဲအတွက် ပြင်ဆင်နေသည့်တစ်ချိန်တည်းတွင် သင်ယူခဲ့သည်များကို အသုံးပြု၍စာရေးသားခြင်း၊ အပြန်အလှန် mail များဖလှယ်ခြင်းဖြင့် အ‌ရေးအသားစွမ်းရည် ပိုမိုတိုးတက်လာမည်ဖြစ်သည်။ အသံထွက်များကိုတိုးတက်အောင်ပြုလုပ်ခြင်းဖြင့်လည်း listening ပါ တိုးတက်လာမည်ဖြစ်သည်။
4)Kanji   N3 kanji ကိုလေ့လာခြင်းသည် N2 level အားကျော်ဖြတ်ရန်အတွက် ပထမအဆင့်ဖြစ်သည်။ kanji များ၏အဓိပ္ပါယ်ကို‌ကောင်းစွာနားလည်ပြီး N2 နှင့် N1 level အတွက်ပြင်ဆင်ရမည့်ဖြစ်သည်။

■■  N3‌ အောင်တဲ့အခါ ဂျပန်ကုမ္ပဏီများတွင်အလုပ်လုပ်နိုင်ပါတယ်၊
ဒါပေမယ့် WINကျောင်းကတော့ အနည်းဆုံး N2အထိ ဆက်တက်ရန်တိုက်တွန်းပါတယ်။
အနာဂတ်အတွက် N2 levelရောက်အောင် မြန်မြန်ကြိုးစားကြစို့။

N2 N2 course       N2 level တွင် N2 level အထိ‌လေ့လာခဲ့သည်များထက် ၂ဆခန့်ရှိသော ‌ဝေါဟာရများ၊ ခန်းဂျီးများပါဝင်လာမှဖြစ်သော်လည်း N3 level အထိလေ့လာခဲ့သောသူများအတွက် လေ့လာပုံနည်းလမ်းကို နားလည်ကြပြီးဖြစ်သည့်အတွက် အဆင်ပြေမည်ဖြစ်ပါသည်။ ၁နှစ်နဲ့ N2 ကိုသေသေချာချာ လေ့လာကြရအောင်။
1) Grammar and Vocabulary   ပထမဆုံအနေဖြင့် ဝေါဟာရများကို တိုးပွားအောင်လုပ်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် grammar များကိုနားလည်နိင်စွမ်း မြင့်မားလာမည်ဖြစ်သည်။ စကားပြောများတွင် အသုံးပြုသည့် Native Grammar များကိုလည်း‌လေ့လာရမည် ဖြစ်သည့်အတွက် Japan Company များတွင်အလုပ်ဝင်နေကျသူများ အတွက်လည်း အသုံးဝင်မည်ဖြစ်ပါသည်။
2)Grammar and
Reading comprehension
  လေ့လာခဲ့ပြီးသော grammar များကိုအသုံးပြု၍ reading ကိုလေ့လာခြင်းဖြင့် နားလည်နိုင်စွမ်းကို တိုးပွားစေနိုင်မည်ဖြစ်သည်။ N2 level တွင် reading ကို လေ့ကျင့်ခြင်း၊ မလေ့ကျင့်ခြင်း စသည့် အချက်များကြောင့်လည်း ရလဒ်များပြောင်းလဲသွားနိုင်ပါသည်။
3)Reading and Listening comprehension (writing)    JLPT အတွက် reading တွင် စာဖတ်နှုန်းကို လေ့ကျင့်ရမည်ဖြစ်သည်။ Listening တွင် နားထောင်သည့် နည်းလမ်းကိုလေ့လာကာ ရေးနည်းကိုပါသင်ယူ၍ Uni တွင် အစီရင်ခံစာတင်ခြင်း၊ company များ၏ စာရွက်စာတမ်းများ၊ mail ရေးသားခြင်းများကို ကျင့်သားရအောင် ပြုလုပ်ရမည်ဖြစ်သည်။
4)Kanji   kanji ‌များ၏ အဓိပ္ပါယ်ကို နားလည်‌အောင်လုပ်ပြီး JLPT exam အတွက်ပြင်ဆင်ရမည်ဖြစ်သည်။
N1 N1 course      N1 course တွင်(self-study) ကိုလုပ်နိုင်‌သည့် ကျောင်းသူ/သား‌များအတွက် ရည်ရွယ်ထားပြီး ဂျပန်စကားအမှန်တကယ်နားလည်မှုကို နက်ရှိုင်းသွားစေမည်ဖြစ်သည်။  
1)Grammar and Vocabulary   အဘိဓာန်မှာ ရှာ‌ဖွေလျှင်တောင်မှ နားမလည်နိုင်သည့် စကားလုံးဝေါဟာရတွေရဲ့ အဓိပ္ပါယ်များကိုပါ ဂျပန်ဆရာ/မက ရှင်းလင်း‌အောင်ပြောပြပေးမည်ဖြစ်သည်။ ထို့အပြင်အသုံးမပြုတော့သည့် ရှေးဟာင်း ဂျပန်စကားများအပြင် ကာတွန်းထဲရှိစကားလုံးများပါ JLPT ‌မေးခွန်းမှာပါလာတက်ပါသည်။ N1 course တွင် ဂျပန်တို့၏ယဉ်ကျေးမှုများကိုလည်း နားလည်လာနိုင်မည်ဖြစ်သည်။
2)Reading and Listening comprehension   JLPT မှာ ထည့်သွင်းထားသော N1 စကားလုံးဝေါဟာရတွေကို အသုံပြုပြီး ပိုမိုအဆင့်မြင့်သည့် ‌နေ့စဉ်သုံးစကားပြောများ၊ ကုမ္ပဏီသုံး စကားပြောများကိုပါ နားထောင်နိုင်စွမ်းနှင့် နားလည်နိုင်သည့် နည်းလမ်းကို သင်ယူရပါမည်။
3)Kanji   ‌နောက်ထပ်ပြီးတော့ Levelအဆင့်မြင့်ခန်းဂျီး‌တွေကို လေ့လာရင်း JLPT စာ‌မေးပွဲအတွက် Vocabulary /Reading များကိုလဲ ဆက်လက်‌လေ့လာ ပြင်ဆင်ရမည်ဖြစ်သည်။