ဒီနေ့တော့ ဂျပန်စာလေ့လာနေတဲ့ ကျောင်းသားတွေအတွက် မသိတဲ့စကားလုံးတွေများနေတာပဲဖြစ်ဖြစ် ရှာချင်တာပဲဖြစ်ဖြစ် အမေးများသလို အရမ်းလည်းဝယ်ကြတဲ့စာအုပ်လေးထပ်ပြပေးပါမယ်။
လွန်ခဲ့သော ၁၅နှစ်ခန့်ကဆရာ Osamu ကိုယ်တိုင်ပြုစုပြီးWin ကျောင်းကမူပိုင်ထုတ်ဝေဖြန့်ချီထားသောစာအုပ်ဖြစ်ပါတယ်။N5 ကနေစလို့ N1 အထိလိုအပ်တဲ့ဝေါဟာရတွေကို စုစည်းပေးထားပြီး စကားလုံးပေါင်း ကိုးထောင့်ငါးရာခန့်ပါဝင်ပါတယ်။
JLPT မေးခွန်းသင်ရိုးညွှန်းတမ်းကိုအခြေခံထားပြီး EJU မှာပါဝင်တဲ့ စကားလုံးတွေပါထည့်သွင်းပေးထားပါတယ်။ ကျောင်းသားတိုင်းအတွက်အရမ်းကိုအသုံးဝင်တဲ့စာအုပ်ပါ။