WIN ဂျပန်စာကျောင်းကို တည်ထောင်သူမှာ ဦးဝင်းနိုင် ဖြစ်ပြီး ဦးဝင်းအောင်(ခ) Osamu Naganishi သည် [ 1997 ~ 2016 ] အထိ ကျောင်းအုပ်ဆရာကြီးအဖြစ် ဦးစီးဆောင်ရွက်ခဲ့သည်။
ယခုလက်ရှိတွင် Nose Michiko သည်ကျောင်းအုပ်ဆရာမအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။
WIN ဂျပန်စာကျောင်းသည်် ဂျပန်ဘာသာစကားကို ကျွမ်းကျင်တက်မြောက်စေရန် အဓိကထားသင်ကြားပေးနေသော ကျောင်းတစ်ကျောင်းဖြစ်သည်။
အတွေ့အကြုံရှိ ဂျပန်လူမျိုးဆရာ/ဆရာမ ၄ ယောက်နှင့် မြန်မာလူမျိုးဆရာမ ၁ ယောက်မှ N5 Level မှ N1 Level အထိ တာဝန်ယူသင်ကြားပေးနေပါသည်။
ကျောင်းစတင်တည်ထာင်ချိန်မှစပြီး ယနေ့အထိ WINကျောင်းတွင် တက်ရောက်ခဲ့သူ ကျောင်းသူ/သားပေါင်း [ 40754 ] ဦးရှိပါသည်။
ယခုအခါ နေရာ၊ ဒေသမရွေးမှတက်ရောက်နိုင်သော Online Class များကိုလည်း 2020 ခုနှစ် August လမှစတင်၍ သင်ကြားပို့ချပေးလျက်ရှိပါသည်။
ဂျပန်နိုင်ငံရှိ Company များသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိတ်ဆက်ပေးပြီး ဝန်ဆောင်ခ အခမဲ့ဖြင့် ပို့လွှတ်ပေးပါသည်။
WIN ကျောင်းမှထူးချွန်သည့်ကျောင်းသူ/သားများအတွက် နှစ်စဉ်ဂျပန်နိုင်ငံမှ Language school များ၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ scholarship အစီအစဉ်များဖြင့် သွားရောက်ပညာသင်ကြားနိုင်ရန်အတွက်လည်း ဆောင်ရွက်ပေးလျှက်ရှိသည်။
ကျွန်ုပ်တို့ကျောင်းသည် ကျောင်းသား/သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနဲ့အတူ အမြဲကြိုဆိုလျှက်ရှိပါသည်။